မော်လမြိုင်၊ စက်တင်ဘာ ၁၄
မွန်ပြည်နယ်တရားလွှတ်တော်၊ မော်လမြိုင်ခရိုင်အတွင်းရှိ တရားရုံးဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို (၁၄-၉-၂၀၂၄) ရက်နေ့ နံနက် (၉း၀၀) နာရီတွင် မော်လမြိုင်ခရိုင်တရားရုံး အစည်းအဝေးခန်းမ၌ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်အတွင်းရှိ တရားရေးအရာရှိများတက်ရောက်၍ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ တရားရုံးအဆင့်ဆင့်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ပါသည်။



