သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် သတင်းမီဒီယာဆင့်ပွားသင်တန်း ကျင်းပ

မော်လမြိုင်၊ စက်တင်ဘာ ၁၂

          မွန်ပြည်နယ်တရားလွှတ်တော်တွင် သတင်းမီဒီယာဆင့်ပွားသင်တန်းကို မွန်ပြည်နယ် တရားလွှတ်တော် Video Conferencing Room ၌ ယနေ့နံနက် (၉း၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးမှ တရားရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၂) ဖြစ်သော အများပြည်သူ၏အသိအမြင်ကို မြှင့်တင်ပေးရန် သတင်းမီဒီယာအများပြည်သူတို့နှင့်ဆက်ဆံ ပြောဆိုမှု တိုးတက်စေရန်နှင့် သက်ဆိုင်သော တရားရေးဝန်ထမ်းများ မီဒီယာဆက်ဆံရေး ကျွမ်းကျင်မှုဆိုင်ရာအချက်အလက်များကို သင်ကြားပို့ချခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေမှ သတင်းပြန်ကြားရေး အရာရှိများလိုက်နာရန် လိုအပ်သည့်အချက်အလက်များကို သင်ကြားပို့ချခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့် မွန်ပြည်နယ် တရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ ခရိုင်၊မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ