စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ကျင်းပ
မော်လမြိုင်၊ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်တရားရေးဦးစီးမှူးက ကြီးကြပ်လျက် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ကို ၁၄-၁၁-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ ဒုတိယထပ်ရှိ Conference Room - 2 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာစကား ပြောကြား၍ မွန်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာန တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က သင်တန်းပို့ချခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင်(၄) ခရိုင်နှင့် မြို့နယ် (၁၀) မြို့နယ်ရှိ တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း (၁၁၀)ဦးတို့သည် Online စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြပါသည်။