မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ် ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်တို့ပါဝင်သောအဖွဲ့သည် အသစ်ဆောက်မည့် မုဒုံမြို့နယ်တရားရုံး ၊ မြေနေရာသစ်အား သွားရာက်ကြည့်ရှုပြီး ၊ မုဒုံမြို့နယ်တရားသူကြီး ( တာဝန် ) ဒေါ်တင်မာလာအောင် နှင့် ဝန်ထမ်းများကို ရုံးသစ်တည်ဆောက်ရေးအတွက် အနီးကပ်ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။



