သတင်းများ

(၁၆) ကြိမ်မြောက် မွန်ပြည်နယ်တရားလွှတ်တော်၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပခြင်း

မော်လမြိုင် နိုဝင်ဘာ ၁၄

     မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ (၁၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆပ်ကပ်လှူဒါန်းပူဇော်ပွဲအား ယနေ့နံနက် (၀၉:၀၀) နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ၊ ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

     အဆိုပါ အခမ်းအနားသို့ ရွှေစေတီကျောင်းဆရာတော်နှင့် ရွှေဟင်္သာကျောင်းမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ကြပြီး ရွှေဟင်္သာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များအား ကထိန်သင်္ကန်းလျာ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်း ပေးဝေခဲ့ပါသည်။

     ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများ၊ အမှုထမ်းများနှင့် အလှူရှင်များဆက်ကပ်လှူဒါန်းသော ပဒေသာပင် များအား ရွှေဟင်္သာကျောင်း၊ ရွှေစေတီကျောင်းနှင့် အစိုးရအဖွဲ့ရုံး စုပေါင်းမဟာဘုံကထိန်သို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ရာ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေ စုစုပေါင်း တန်ဖိုးမှာ(၂၄,၇၄၇,၈၀၀) ကျပ် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ