သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၆) သို့ တက်ရောက်မည့် အရာထမ်း (၁) ဦးအား သင်တန်းစရိတ် ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်၊ အောက်တိုဘာ ၂၁

     နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့်  အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၆) သို့ တက်ရောက်မည့် မွန်ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်အား သင်တန်းစရိတ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ နံနက် (၁o:၀၀) နာရီတွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

      အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများနှင့် တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ သင်တန်း တက်ရောက်မည့် သင်တန်းသူအား သင်တန်းစရိတ်  ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ