မော်လမြိုင်၊ ဒီဇင်ဘာ ၂၇
မုဒုံမြို့နယ်တရားရုံးတွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို (၂၇.၁၂.၂၀၂၁) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ်၊ ပြည်နယ်တရားရေးဦးစီးမှုးဒေါ်ခင်နှင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက် ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီးနှင့် ဒုတိယခရိုင်တရားသူကြီး ၊ မုဒုံမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းနိုင်မှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်တရားသူကြီးဒေါ်တင်မာလာအောင်မှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် အမှုစစ်ဆေးမည့် အစီအစဉ် ရှင်းလင်းတင်ပြခဲ့ပြီး နံနက် (၁၀း၀၀) နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးပါသည်။



