မော်လမြိုင် ၊ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်တရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများအတွက် နှစ်သစ်ကူးအထိမ်းအမှတ်တူညီဝတ်စုံကို မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးက အမှတ်တရအဖြစ် ၃၀ - ၁၂ - ၂၀၂၁ ရက်နေ့ ညနေ ( ၃း၃၀ ) နာရီတွင် ပေးအပ်ခဲ့ရာ တရားလွှတ်တော်တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူး ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများမှ လက်ခံရယူခဲ့ပါသည်။




