သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Post Image

မော်လမြိုင်၊ သြဂုတ် ၂၈

      မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏သား၊ သမီး များအား ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်‌ ဒေါ်ဌေးမြင့်အေး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများ နှင့် ၎င်းတို့၏ သား၊ သမီးများတက်ရောက်ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးနှင့်  ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ၊ ‌ဒေါ်ခိုင်ခိုင်မျိုး နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးတို့မှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းများတွင် တက်ရောက်ပညာသင်ကြား နေကြသော ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ