မော်လမြိုင်၊ စက်တင်ဘာ ၈
မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ ရုံးလုပ်ငန်းနှင့်ပါတ်သက်၍ ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာ သင်တန်း ပို့ချခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီတွင် မွန်ပြည်နယ် တရားလွှတ်တော် Video Conferencing ခန်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေထူးအောင်၊ ဒေါ်ညိုညက်ညက်ဦး နှင့် သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်း (၁၁) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
