မော်လမြိုင်၊ စက်တင်ဘာ ၁၀
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ဦးဆောင်ပြီး မွန်ပြည်နယ် တရားလွှတ်တော်ရုံးဝန်းအတွင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၀၉း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ နှင့် ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့် တရားလွှတ်တော်မှတရားရေးအရာရှိများ၊ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်တရားရုံးနှင့် မော်လမြိုင် မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အုန်းချိုမွှေး (၁၃) ပင် နှင့် ယိုးဒယားသရက်ချိုမျိုးကောင်း (၃၅) ပင် စိုက်ပျိုးခဲ့ကြပါသည်။

