မော်လမြိုင် ၊ စက်တင်ဘာ ၈
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟသည် မော်လမြိုင်ခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး ဒေါ်ခင်နီနီအေး၊ ဒေါ်ဥမ္မာမောင်၊ ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက မုဒုံမြို့မရဲတပ်ဖွဲ့အချုပ်စခန်းနှင့် ကမာဝက်ရဲတပ်ဖွဲ့အချုပ်စခန်း၊ သံဖြူဇရပ်မြို့မ ရဲတပ်ဖွဲ့အချုပ်စခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိများက ရဲစခန်း ၊ အချုပ်ခန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။


ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်စခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့

