သတင်းများ

ပြည်နယ်တရားသူကြီးချုပ်က မုဒုံမြို့နယ်တရားရုံးအား ရှောင်တခင်ကြည့်ရှု စစ်ဆေးခြင်း

မော်လမြိုင်၊  အောက်တိုဘာ  ၃၀

မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးသည် ယနေ့ နံနက် ၉:၃၀ အချိန်တွင် မုဒုံမြို့နယ်တရားရုံးသို့ရောက်ရှိရာ မြို့နယ်တရားသူကြီး ဦးအောင်မြင့်ဌေး၊ တွဲဖက် မြို့နယ်တရားသူကြီး ဦးမိုးသက်မောင် နှင့် တရားရုံးဝန်ထမ်းများကို တွေ့ဆုံသည်။

ထို့နောက် ပြည်နယ်တရားသူကြီးချုပ်က မုဒုံမြို့နယ်တရားရုံးမှ တရားခွင်များ ၊ တရားစီရင်ရေးရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များ ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ