သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံ အင်းဗြောင်ကုန်ထုတ်စခန်း၊ ရင်းငြိမ်ကုန်ထုတ်စခန်း၊ ဇင်းကျိုက်ကုန်ထုတ်စခန်းနှင့် ပေါင်မြို့မရဲစခန်းတို့အား ကြည့်ရှုစစ်ဆေး
Post Image

မော်လမြိုင် ၊ စက်တင်ဘာ ၂၃

      မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံသည် သထုံခရိုင်တရားရုံး ခရိုင်တရားသူကြီး ဦးစောအောင်ထူး ၊ ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေ၊ သထုံမြို့နယ်တရားသူကြီး၊ ပေါင်မြို့နယ်တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက အင်းဗြောင်ကုန်ထုတ်စခန်း၊ ရင်းငြိမ်ကုန်ထုတ်စခန်း၊ ဇင်းကျိုက်ကုန်ထုတ်စခန်းနှင့် ပေါင်မြို့မရဲစခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိ များက ကုန်ထုတ်စခန်း၊ ရဲစခန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

     ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်စခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိမရှိ နှင့်ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စခန်းတာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ