သတင်းများ

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသမယတွင် ပြည်နယ်တရားသူကြီးချုပ်၊ တရားသူကြီးများနှင့်ပြည်နယ်တရားရေးဦးစီးမှူးတို့အား ဂါရဝပြုကန်တော့ပွဲ ကျင်းပပြုလုပ်ခြင်း
Post Image

မော်လမြိုင် အောက်တိုဘာ ၁၁

         မွန်ပြည်နယ်တရားလွှတ်‌တော်တွင် တာဝန်ထမ်း‌ဆောင်နေကြသော တရားရေးအရာရှိများနှင့်ဝန်ထမ်းများမှ ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါ သမယတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူး တို့အား ဂါရဝပြုကန်တော့ပွဲကို (၁၁-၁၀-၂၀၂၄) မွန်းလွဲ (၁၅း၃၀) နာရီတွင် ပြည်နယ်တရားလွှတ်တော်ဘုရားခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအခမ်းအနား၌ တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးတို့အား ပြည်နယ်တရားလွှတ်‌တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော တရားရေး အရာရှိများ၊ ဝန်ထမ်းများက ဂါရဝပြုကန်တော့ရာ ပြည်နယ်တရားသူကြီးချုပ်နှင့် တရားသူကြီးများမှ ဆုမွန်ကောင်းများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ