မော်လမြိုင် စက်တင်ဘာ ၃၀
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆုတ် (၁၃) ရက်နေ့ (၃၀-၉-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၉၀) ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ကျောင်းပေါင်း (၃၃၇)ကျောင်း၊ ရဟန်းသာမဏေပေါင်း (၇၀၀၀) ကျော်၊ သီလရှင်ဆရာလေး၊ ဆရာကြီး (၁၀၀၀) ကျော်တို့ အလှူခံကြွရောက်ရာ မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့်လောင်းလှူခဲ့ကြပါသည်။