မော်လမြိုင် စက်တင်ဘာ ၂၈
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်တရားရေးဦးစီးမှူးက ကြီးကြပ်လျက် သတင်းမီဒီယာဥပဒေနှင့်အညီ တရားစီရင်ရေး ဆိုင်ရာ သတင်းအချက်အလက်များရယူနိုင်ရန် မီဒီယာဆက်ဆံရေးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းကို ၂၈-၉-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော် ပထမထပ်ရှိ Video Conferencing Room တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စန်းက သတင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဘာသာရပ်အား လည်းကောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းလဲ့လဲ့ထိန်က တရားရေးအရာရှိများ နှင့် သတင်းမီဒီယာ ဆက်ဆံရေးဘာသာရပ်အားလည်းကောင်း ဆွေးနွေးပို့ချခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင် (၄) ခရိုင်နှင့် မြို့နယ် (၁၀) မြို့နယ်ရှိ တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၃၆) ဦး တို့က Online စနစ်ဖြင့် သင်တန်းတက်ရောက် ခဲ့ကြပါသည်။

