သတင်းများ

စေ့စပ်ဖြေရှင်းရေးဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုဆင့်ပွားသင်တန်းပို့ချခြင်း
Post Image

မော်လမြိုင် စက်တင်ဘာ ၂၈

မွန်ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ် တရားရေး ဦးစီးမှူးက ကြီးကြပ်လျက် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု ဆင့်ပွားသင်တန်းကို ၂၈-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော် ပထမထပ်ရှိ Video Conferencing Room တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးက အဖွင့်အမှာစကား ပြောကြား၍ မွန်ပြည်နယ်တရားလွှတ်တော် တရားစီရင်ရေးဌာန/ စေ့စပ်ဖြေရှင်းရေးဌာန တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိသွင်သွဲ့သွဲ့ က သင်တန်းပို့ချခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင် (၄) ခရိုင်နှင့် မြို့နယ် (၁၀) မြို့နယ်ရှိ တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း (၉၇) ဦး တို့က Online စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ