မော်လမြိုင်၊ စက်တင်ဘာ ၂၅
၂၀၂၄ ခုနှစ် မိုးရာသီ “သစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို (၂၅-၉-၂၀၂၄) ရက်နေ့ နံနက် (၈း၃၀)တွင် ကျိုက်မရောမြို့နယ်တရားရုံးဝင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးကျော်မြင့်၊ ဒုတိယခရိုင်တရားသူကြီး ဦးဌေးမင်းနှင့် ကျိုက်မရောမြို့နယ်တရားရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ကျွန်း (၁၅) ပင်၊ မဟော်ဂနီ (၁၅) ပင်၊ ပျဉ်းကတိုး (၅) ပင်နှင့် အော်ရီရှား (၁၅) ပင်၊ စုစုပေါင်း သစ်ပင် (၅၀) ပင် စိုက်ပျိုးခဲ့ကြပြီးနောက် စိုက်ပျိုးနေမှုကို အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။



ထို့နောက် ပြည်နယ်တရားသူကြီးချုပ်က ကျိုက်မရောမြို့နယ်တရားရုံးမှ တရားခွင်များ ၊ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များ ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

