မော်လမြိုင်၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးသည် ယနေ့ နံနက်၉:၃၀အချိန်တွင် မော်လမြိုင်ခရိုင် တရားသူကြီး ဦးအောင်သိန်းဦးနှင့်အတူ မော်လမြိုင်မြို့နယ်တရားရုံးသို့ ရောက်ရှိရာ မြို့နယ်တရားသူကြီး ဒေါ်ခိုင်မာလာအေးကြည်၊ တွဲဖက် မြို့နယ်တရားသူကြီးများဖြစ်ကြသော ဦးမိုးဦးလင်း၊ ဦးမြတ်စက်ထွဋ်နှင့် ဒေါ်ဥမ္မာဖြိုး၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများကို တွေ့ဆုံသည်။


ထို့နောက် ပြည်နယ်တရားသူကြီးချုပ်က မော်လမြိုင်မြို့နယ်တရားရုံးမှ တရားခွင်များ ၊ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များ ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေနှင့် (၁၇-၉-၂၀၂၄) ရက်နေ့တွင် ပြိုကျပျက်စီးခဲ့သည့် ရုံးမျက်နှာကြက်အနေအထားများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။



