သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းမိသားစုများ၏ (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Post Image

မော်လမြိုင် ဩဂုတ် 

            မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းမိသားစုများ၏ (၁၂) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၆ ခုနှစ် ဝါခေါင်လဆန်း (၁) ရက် ၊ (၅-၈-၂၀၂၄) ရက်နေ့ (တနင်္လာနေ့) နံနက် (၇း၃၀) နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြို့ဝမဟာသတိပဌာန်းကျောင်းမှ ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော် (၅)ပါး ကြွရောက်တော်မူကြပြီး ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်နာယူကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။