မော်လမြိုင် ၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်သည် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများအား ၂ဝ၂၂ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း စစ်ဆေးပြီးပြတ် နိုင်ရေးအတွက် မွန်ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် ၂ဝ၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် ပြည်နယ်တရားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
