နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ် မိုးရာသီလေပြင်းဒဏ်ခံ “သစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို (၉-၇-၂၀၂၄) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ ပြည်နယ်တရားလွှတ်တော်ရုံးအရှေ့ သံလွင်မြစ်ကမ်းဘေးရှိမြေကွက်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက အုန်းပင်အရေအတွက် (၂၅၀)ပင်ကို စိုက်ပျိုးခဲ့ကြပြီး တာဝန်ရှိသူများမှ အုန်းပင်စိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါသည်။