သတင်းများ

မုဒုံမြို့နယ်တရားရုံးသစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Post Image

မော်လမြိုင် ၊ ဇွန် ၂၉
     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၉-၆-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ အဆောက်အဦသစ်နေရာ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

   

    အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မော်လမြိုင်ခရိုင်အတွင်းရှိ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။


   ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မုဒုံမြို့နယ်တရားရုံးအဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည် တော်များမှ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။


   အခမ်းအနား ဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ မုဒုံမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခြင်း၊ Mawlamyine King Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးထက်လင်းထွေးမှ အဆောက်အဦနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးထံသို့ လွှဲပြောင်းပေးအပ်ခြင်း တို့ကို ဆောက်ရွက်ခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ