သတင်းများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ တက်ရောက်အမှာစကားပြောကြားခြင်း နှင့် ဆုချီးမြှင့်ခြင်း
Post Image

မော်လမြိုင် ဇွန်  ၁၄

            မွန်ပြည်နယ်အတွင်းရှိ တရားလွှတ်တော်နှင့် တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်  နေသော တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သားသမီးကျောင်းသားကျောင်းသူများအနက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်    ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် (၁၅:၃၀) အချိန်တွင် ပြည်နယ်တရားလွှတ်တော် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ဆုရရှိသော ကျောင်းသားကျောင်းသူများ တက်ရောက်ရာ  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးမှ         ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော မအိရှင်းသန့်အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံနှင့် ပြည်နယ်တရားရေး ဦးစီးမှူးဒေါ်ခိုင်ခိုင်မျိုးတို့မှအခြေခံပညာအထက်တန်း၊အခြေခံပညာအလယ်တန်းနှင့်  အခြေခံပညာမူလတန်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအားလည်းကောင်း ပညာသင်ထောက်ပံ့ ကြေး နှင့် စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ