သတင်းများ

(၂၂-၅-၂၀၂၄) ရက်နေ့၊ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် ကဆုန်ညောင်ရေသွန်းလောင်းခြင်းအခမ်းအနားနှင့် သံဃာ (၃၁၅) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

မော်လမြိုင်၊ မေ ၂၂

          ​မော်လမြိုင်မြို့၊ ​တောင်ရိုးတန်းရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊ အနောက်ဘက် မုဒ်ရှိ မဟာဗောဓိညောင်ပင်၌ (၂၂-၅-၂၀၂၄) ရက်နေ့၊ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် ကဆုန်ညောင်ရေသွန်းလောင်းခြင်းအခမ်းအနားနှင့် သံဃာ (၃၁၅) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို နံနက် (၀၆း၀၀) နာရီတွင် ကျင်းပရာ  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးနှင့် ပြည်နယ်တရားလွှတ်တော်၊ မော်လမြိုင်ခရိုင်တရားရုံးနှင့် မော်လမြိုင်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမဏေများနှင့်သီလရှင်များအား အလှူတော်ငွေနှင့်လှူဖွယ်ပစ္စည်းများကို လောင်းလှူဆက်ကပ် ကုသိုလ်ပြုခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ