မော်လမြိုင် ဧပြီ ၁၀
မွန်ပြည်နယ်တရားလွှတ်တော်တွင် သက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ကူးအတာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်တရားလွှတ်တော်မှ တရားရေး အရာရှိများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနားအား ယနေ့နေ့လည် (၁၄:၀၀) နာရီ၌ ကျင်းပရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက်ပြီး နှစ်သစ်မေတ္တာဆုတောင်းစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး နှင့် ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့မှ ဝန်ထမ်း များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်မည့် ဝန်ထမ်း (၁) ဦးနှင့် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းတက်ရောက်မည့် ဝန်ထမ်း (၂) ဦးတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှလည်းကောင်း၊ ဝန်ထမ်းသက်သာရန်ပုံငွေမှလည်းကောင်း၊ ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။