သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး တက်ရောက်
Post Image

မတ် ၂၄

     မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံတို့ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ပြည်နယ်တရားလွှတ်တော်မိသားစုမှ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ