မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၃
(၂၃-၂-၂၀၂၄) ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၂) ကြိမ်မြာက် မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံး တောင်ဘက်ကွင်းတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၅၇) သင်းရှိပြီး မွန်ပြည်နယ်တရားလွှတ်တော်နှင့် မွန်ပြည်နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ အဖွဲ့အမှတ် (၃) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပဉ္စမဆု ဆွတ်ခူးရရှိခဲ့ပြီး ဆုငွေ တစ်သိန်းငါးသောင်းကျပ် ရရှိခဲ့ပါသည်။



