မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးသည် (၁၇-၂-၂၀၂၄) ရက်နေ့ နေ့လယ် (၁၁း၃၀) နာရီတွင် ဆောက်လုပ်ဆဲ မုဒုံမြို့နယ်တရားရုံး အဆောက်အဦသစ် မြေနေရာသို့ သွားရာက်ကြည့်ရှုပြီး ၊ မုဒုံမြို့နယ်တရားသူကြီး ဒေါ်အိအိဖြိုးဇော် နှင့် ဝန်ထမ်းများကို ရုံးသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ အနီးကပ်ကြပ်မတ်ကွပ်ကဲ ဆောင်ရွက် ကြရန်နှင့် Mawlamyine King ကုမ္ပဏီမှ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။