သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ (မွန်၊ ရန်ကုန်၊ ဧရာဝတီ၊တနင်္သာရီ)မှ တရားသူကြီးချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Post Image

မော်လမြိုင် ၊ ဇန်နဝါရီ  ၂၁

          ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ (မွန် ၊ ရန်ကုန် ၊ ဧရာဝတီ ၊ တနင်္သာရီ) မှ တရားသူကြီးချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို         ( ၂၁-၁-၂၀၂၄ ) ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

            အခမ်းအနားသို့ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံ၊ မွန်ပြည်နယ်တရားလွှတ်တော်မှ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တရားရေး အရာရှိများ၊ ခရိုင်တရားသူကြီးများ၊ တွဲဖက်ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများ၊ ဒုတိယဦးစီးမှူးများ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက ပြည်ထောင်စု တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား လည်းကောင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူးက စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ အားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် အစည်းအဝေးသို့တက်ရောက်ကြသည့် ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာ ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ