(၁-၁-၂၀၂၄) ရက်နေ့ ညနေ (၃း၀၀) အချိန်၌ မွန်ပြည်နယ်တရားလွှတ်တော်တွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးက မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်အဖြစ် တူညီဝတ်စုံများ ပေးအပ်ခဲ့ပါသည်။



ထို့အပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်မည့် ဝန်ထမ်း (၂) ဦးအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှလည်းကောင်း၊ ဝန်ထမ်းသက်သာရန်ပုံငွေမှလည်းကောင်း၊ ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ် ခဲ့ပါသည်။



အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


