သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် နှစ်သစ်ကူးပရိတ်တရားနာကြားခြင်းကျင်းပ
Post Image

မော်လမြိုင်၊ ဇန်နဝါရီ ၁

   မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီး များ၊   တရားရေးအရာရှိများ၊ ဝန်ထမ်းများ၏ နှစ်သစ်ကူးပရိတ်တရားနာကြားခြင်း အခမ်းအနားကို (၁-၁-၂၀၂၄) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရား လွှတ်တော်၊ ဘုရားခန်း၌ ကျင်းပပြုလုပ်ရာ ပင့်သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ပေးပြီး ကြွရောက်လာသူများမှ နှစ်သစ်ကူး ပရိတ်တရားနာကြားခြင်း၊ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ