မော်လမြိုင်၊ ဒီဇင်ဘာ ၂၉
မွန်ပြည်နယ်တရားလွှတ်တော်တွင် နှစ်သစ်ကူးအကြိုအထိမ်းအမှတ်ညစာစားပွဲကို (၂၉-၁၂-၂၀၂၃) ရက်နေ့ ညနေ (၄း၀၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ထမင်းကြော်၊ ခေါက်ဆွဲကြော်ဖြင့် တည်ခင်းဧည့်ခံခြင်း၊ အမှတ်တရလက်ဆောင်များ လဲလှယ်ခြင်းများ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

