မော်လမြိုင် ၊ နိုဝင်ဘာ ၁၁
( ၁၁ - ၁၁ -၂၀၂၃ ) ရက်နေ့ နံနက် ( ၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများရှိ တရားသူကြီးများနှင့် ကြန့်ကြာနေသည့် ရာဇဝတ်မှုခင်းများ၊ တရားမမှုခင်းများ မှန်မှန်နှင့်မြန်မြန်ပြီးပြတ် စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ( Zoom Meeting ) စနစ်ဖြင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက ကြန့်ကြာနေသည့် ရာဇဝတ်မှုများ ၊ တရားမမှုများ ၊အယူခံမှု ၊ ပြင်ဆင်မှုများနှင့် သီးသန့်ရုံးထိုင်ဖြင့် စစ်ဆေးသည့်အမှုများအား မှန်ကန်မြန်ဆန်စွာ စစ်ဆေးရန်နှင့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် ပြီးပြတ်စေရန်အတွက် စစ်ဆေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။