မော်လမြိုင် အောက်တိုဘာ ၂၅
မွန်ပြည်နယ်တရားလွှတ်တော်တွင် ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသမယ အထိမ်းအမှတ် ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည် (၁၅း၀၀)နာရီ၌ကျင်းပရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက်ပြီးဆုတောင်းမေတ္တာပို့သ၍ လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့မှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ဌာနအလိုက် ဌာနခွဲစာရေးများမှလက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။