မော်လမြိုင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော တရားရေးအရာရှိများနှင့်ဝန်ထမ်းများမှ ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါ သမယတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူး တို့အား ဂါရဝပြုကန်တော့ပွဲကို (၂၄-၁၀-၂၀၂၃) နေ့လည် (၁၅း၀၀) နာရီတွင် ပြည်နယ်တရား လွှတ်တော်ဘုရားခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ပြည်နယ်ဘုရားခန်း၌တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံနှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးတို့အား ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော တရားရေး အရာရှိများ၊ ဝန်ထမ်းများက ဝန်ချကန်တော့ရာ ပြည်နယ်တရားသူကြီးချုပ်နှင့် တရားသူကြီးများမှ ဆုမွန်ကောင်းများပေးအပ်ချီးမြှင့်ခဲ့ပါသည်။