သတင်းများ

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
Post Image

မော်လမြိုင် ၊ အောက်တိုဘာ ၂၀

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၅/၂၀၁၃ နှင့်အညီ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ရုံးအဖွဲ့မှူး ဒေါ်ဝင်းမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုင်းလုံတစ်၊ မော်လမြိုင် ခရိုင်တရားသူကြီး ဒေါ်မင်းသီတာဝေနှင့် မော်လမြိုင်မြို့နယ်တရားသူကြီး ဒေါ်ခိုင်မာလာအေးကြည်တို့လိုက်ပါလျက် ယနေ့နံနက် (၉း၀၀) နာရီတွင် မော်လမြိုင် အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့သည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်၊ အချုပ်ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ အချုပ်ခံရသူနှင့်အကျဉ်းကျခံရသူများ၏ အမျိုးသား၊ အမျိုးသမီး‌ဆောင်များ၊ စားဖိုဆောင်၊ အချုပ်ထောင်ဆေးရုံ ၊ အချုပ်ထောင်ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အချုပ်ခံရသူနှင့်အကျဉ်းကျခံရသူများ၏နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာပါက ဆေးကုခွင့် ရှိ၊ မရှိ ၊ နှိပ်စက်ညှင်းပန်းခြင်း ရှိ၊ မရှိ၊ အမျိုးသမီးတရားခံများကို အကာအရံဖြင့်လုံခြုံစွာ ထားရှိမှုအခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားနိုင်ရေး ၊ ကြန့်ကြာမှုခင်းများအမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          မော်လမြိုင်အချုပ်ထောင်တာဝန်ခံအရာရှိရုံးခန်းတွင် အကျဉ်းဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးဇော်မျိုးအောင်၊ အချုပ်ထောင်တာဝန်ခံအရာရှိ ဦးဝင်းနိုင်တို့က အချုပ်ခံရသူနှင့်အကျဉ်းကျခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ တရားလွှတ်တော်တရားသူကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ