မော်လမြိုင် ၊ စက်တင်ဘာ ၉
၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ( ၉-၉-၂၀၂၃ ) ရက်နေ့ နေ့လည် (၁၄း၀၀) အချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက ပြည်ထောင်စု တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်ကြသည့် ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာ ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။