မော်လမြိုင် ဩဂုတ် ၁၂
မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းမိသားစုများ၏ (၁၂) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉;၀၀ နာရီ တွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့ဝမဟာသတိပဌာန်းကျောင်းမှ ပင့်ဖိတ်ထားသော ဆရာတော်(၅)ပါး ကြွရောက်တော်မူကြပြီး ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီး များနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ် များထံမှ တရားတော်နာယူကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း ပူဇော် ခဲ့ကြသည်။