သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်မှ တက်ရောက်အမှာစကားပြောကြားခြင်း နှင့် ဆုချီးမြှင့်ခြင်း
Post Image

မော်လမြိုင် ဇူလိုင်   ၁၁

            မွန်ပြည်နယ်အတွင်းရှိ တရားလွှတ်တော်နှင့် တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်   နေသော တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သားသမီးကျောင်းသားကျောင်းသူများအနက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လည်(၁၅:၃၀)အချိန်တွင် ပြည်နယ်တရားလွှတ်တော် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ဆုရရှိ သော ကျောင်းသားကျောင်းသူများ တက်ရောက်ရာ  ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသော မကြယ်စင်လင်းနှင့် မလင်းလဲ့လဲ့လှိုင်တို့အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံနှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးတို့မှ အခြေခံပညာ အထက်တန်း၊ အခြေခံပညာအလယ်တန်းနှင့်  အခြေခံပညာမူလတန်းများတွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအား လည်းကောင်း ပညာသင်ထောက်ပံ့ကြေး နှင့် စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ