မော်လမြိုင် ဇွန် ၂၆
မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နေ့လည်(၀၃:၀၀)နာရီတွင် မွန်ပြည်နယ် တရားလွှတ်တော်ရုံး အရှေ့ဘက် မျက်နှာစာနှင့် ဝဲ/ယာ ရုံးပရဝုဏ်တို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးနှင့် ပြည်နယ်တရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများတွင် အရိပ်ရလေကာပင်နှင့် ပန်းမန်ပင်များ စိုက်ပျိုးကြပါသည်။
အဆိုပါအခမ်းအနားတွင် အရာထမ်း၊ အမှုထမ်းများမှ သစ်ပင်များ၊ ပျိုးပင်များ ပါဝင်ဆင်နွဲစိုက်ပျိုးနေမှုအား ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကံ့ကော်ပင်၊ ခရေပင်၊ စိန်ပန်းပင်၊ ပုန်းညှက်ပင်၊ ပိတောက်ပင်၊ မန်ဂျန်ရှားပင် စုစုပေါင်း( ၆၀ )ပင်တို့အား စိုက်ပျိုးခဲ့ကြပါသည်။