သတင်းများ

ပြည်နယ်တရားသူကြီးချုပ်က မော်လမြိုင်မြို့နယ်တရားရုံးအား ရှောင်တခင်ကြည့်ရှု စစ်ဆေးခြင်း

မော်လမြိုင် ဇွန်  ၈

မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးသည် ယနေ့ နံနက်၁၀:၀၀အချိန်တွင် မော်လမြိုင် မြို့နယ်တရားရုံးသို့ ရောက်ရှိရာ မြို့နယ်တရားသူကြီး ဒေါ်ခိုင်မာလာအေးကြည်၊ တွဲဖက် မြို့နယ်တရားသူကြီးများဖြစ်ကြသော ဦးစောလင်းထက်ဦး၊ ဦးမိုးဦးလင်းနှင့် ဦးမြတ်စက်ထွဋ်၊ ဒုတိယမြို့နယ်တရားသူကြီးများဖြစ်ကြသော ဦးကောင်းခန့်လွင်၊ ဒေါ်နန်းနွေးထွေးလှိုင်တို့နှင့် တွေ့ဆုံ၍ တရားစီရင်ရေးလုပ်ငန်းကိစ္စမှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်တရားသူကြီးချုပ်က မော်လမြိုင်မြို့နယ်တရားရုံးမှ တရားခွင်များ ၊ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များသက်သေခံပစ္စည်းများ ထိန်းသိမ်း ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

           

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ