မော်လမြိုင် ၊ ဇွန် ၅
မွန်ပြည်နယ်တရားလွှတ်တော်တွင် တရားစီရင်ရေးဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရေး အထောက်အကူပြုအစည်းအဝေးကို ၅-၆-၂၀၂၃ ရက်နေ့ မွန်းလွဲ ( ၃း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Conferencing ( Zoom ) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသော ဒေါ်ဌေးမြင့်အေး နှင့် ဒေါ်ညိုမီစံ ၊ မွန်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးတို့မှ တရားစီရင်ရေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများနှင့် တရားသူကြီးများ စုစုပေါင်း ( ၅၆ ) ဦး တက်ရောက်ခဲ့ကြပါသည်။