မော်လမြိုင် ဇွန် ၅
မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ်၌ တပ်ဆင်ထားသော ခေတ်မီ မီးဘေးလုံခြုံရေးစနစ်နှင့် စက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်အသုံးချနိုင်ရေးအတွက် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် အဆောက်အဦအထူးအဖွဲ့(၁၃)တို့နှင့် ပူးပေါင်း၍ မီးဘေး လုံခြုံရေးသင်တန်း အား (၂-၆-၂၀၂၃) ရက်နေ့မှ (၃-၆-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းအား (၂-၆-၂၀၂၃)ရက်နေ့၊ မွန်းလွဲ(၀၁: ၀၀)နာရီမှ (၀၄: ၀၀)နာရီအထိ စာတွေ့စနစ်ဖြင့် ဆွေးနွေးပို့ချခြင်း၊ (၃-၆-၂၀၂၃)ရက်နေ့၊ နံနက် (၀၉: ၀၀) နာရီမှ (၁၂: ၀၀) နာရီအထိ လက်တွေ့စနစ်ဖြင့် သင်ကြား ခြင်းတို့အား မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်တို့မှ ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် များမှ သင်ကြားပြသခဲ့ပါသည်။
မီးဘေး လုံခြုံရေးသင်တန်း သင်ကြားနေမှုအား ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုးမှ ကြည့်ရှုခဲ့ပြီး မွန်ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။