မော်လမြိုင် ဧပြီ ၇
မွန်ပြည်နယ်တရားလွှတ်တော်တွင် သက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ကူးအတာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်တရားလွှတ်တော်နှင့် ခရိုင်/မြို့နယ်တရားရုံးများမှ တရားရေး အရာရှိများနှင့် ဝန်ထမ်းများအား သင်္ကြန်ထမင်းကျွေးမွေးခြင်းနှင့် ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနားအား ယနေ့နေ့လည်(၁၃:၀၀)နာရီ၌ ကျင်းပရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက်ပြီး နှစ်သစ်မေတ္တာဆုတောင်းစကားပြောကြားခဲ့ပါသည်။





အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး နှင့် ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်နှင့် ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့မှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ သင်္ကြန်ထမင်းဖြင့် ကျွေးမွေးခြင်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။




