သတင်းများ

မွန်ပြည်နယ်တရားသူကြီးချုပ်သည် ပြည်နယ်အတွင်းရှိ ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကားပြောကြားခြင်း
Post Image

မော်လမြိုင် မတ် ၂၄  

မွန်ပြည်နယ်အတွင်းရှိ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ တွေ့ဆုံပွဲကို(၂၄-၃-၂၀၂၃)ရက်နေ့၊ နံနက်၁၀:၃၀နာရီတွင် မွန်ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ (၁၀)မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥက္ကဌများတက်ရောက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးမှ အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌမှ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များအား ဥပဒေစာအုပ်များ၊ ရင်ထိုးတံဆိပ်များ နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့သည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ