သတင်းများ

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် ကျိုက်မရောမြို့နယ် တရားရုံးသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း
Post Image

မော်လမြိုင် ဒီဇင်ဘာ ၂၂

          ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ မော်လမြိုင်ခရိုင်တရားသူကြီးဒေါ်မင်းသီတာဝေ၊ ကျိုက်မရောမြို့နယ် တရားသူကြီးဒေါ်ခိုင်ဇင်ဦးတို့နှင့်အတူ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟို အကျဉ်းထောင်သို့ ယနေ့ နံနက်(၀၉:၃၀)အချိန်တွင် သွားရောက်ရာ ပြည်နယ်အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစောထွဋ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဦးနှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ပြည်နယ်အကျဉ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူးဦးစောထွဋ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ဦးတို့မှ ကျိုက်မရောဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိရုံးခန်းတွင် အကျဉ်းထောင်နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် အကျဉ်းထောင်အတွင်း လှည့်လည်ကြည်ရှု့ စစ်ဆေး ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးသည် ကျိုက်မရောမြို့နယ် တရားရုံးသို့သွားရောက်ရာ မြို့နယ်တရားသူကြီးဒေါ်ခိုင်ဇင်ဦး၊ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်စုမွန်ထွေး၊ ဒုတိယမြို့နယ်တရားသူကြီးဦးစောသီဟနှင့် တရားရုံးဝန်ထမ်းများက ကြိုဆို ခဲ့ကြပြီး မြို့နယ်တရားသူကြီးဒေါ်ခိုင်ဇင်ဦးမှ ကျိုက်မရောမြို့နယ်တရားရုံး၏ တရားစီရင်ရေးရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လို အပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ