သတင်းများ

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး မော်လမြိုင်မြို့နယ်တရားရုံးနှင့် မော်လမြိုင်ခရိုင် တရားရုံးများအား သွားရောက်ကြည့်ရှု့စစ်ဆေးခြင်းနှင့် ပြည်နယ်တရားလွှတ်တော်ရှိ အစည်းအဝေး ခန်းမတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း
Post Image

မော်လမြိုင် ဒီဇင်ဘာ ၂၁
    ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံနှင့် ပြည်နယ် တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်တို့နှင့်အတူ ယနေ့ နေ့လည် (၁၃:၀၀)အချိန်တွင် မော်လမြိုင် ခရိုင်နှင့် မော်လမြိုင်မြို့နယ်တရားရုံးများသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ခရိုင်တရားသူကြီး ဒေါ်မင်းသီတာဝေ၊ တွဲဖက်ခရိုင်တရားသူကြီး ဒေါ်ကေသီလှိုင်၊ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူခိုင်၊ ဦးနန္ဒမျိုး၊ ဒုတိယဦးစီးမှူးဒေါ်ပိုးငြိမ့်သူနှင့် တရားရုံးဝန်ထမ်းများ၊ မြို့နယ်တရားသူကြီးဒေါ်ခိုင်မာလာအေးကြည်၊ တွဲဖက်မြို့နယ်တရားသူကြီးများဖြစ်ကြသော ဦးစောလင်းထက်ဦး၊ဦးမိုးဦးလင်း၊ ဒုတိယမြို့နယ်တရားသူကြီးများဖြစ်ကြသောဒေါ်ခိုင်မင်းသိန်း၊ ဦးကောင်းခန့်လွင်နှင့် တရားရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်တရားရုံးများအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။


    ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးသည် မွန်ပြည်နယ်တရား လွှတ်တော်သို့ သွားရောက်ရာ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ဝင်းနိုင်၊ စေ့စပ်ဖြေရှင်းရေးအရာရှိ တာဝန်ခံဒေါ်ခင်မာဝင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိဒေါ်မွန်ရည်အေး၊ ဒုရုံးအဖွဲ့မှူးဦးကျော်မြင့်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းကျော်၊ ဦးစီးအရာရှိများဖြစ်ကြသောဒေါ်အေးအေးမော်၊ ဒေါ်ညိုညက်ညက်ဦး၊ ဦးဝင်းမြင့်၊ ဒေါ်ဝင်းဝင်းသန်းနှင့် တရားရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြပါ သည်။


    ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲအား ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးမှ အမှာစကားပြောကြားပြီး မော်လမြိုင်မြို့နယ်တရားသူကြီးဒေါ်ခိုင်မာလာအေးကြည်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဒေါ်မင်းသီတာဝေတို့မှ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ခင်နှင်းထွဋ်မှ ပြည်နယ်အတွင်းရှိ တရားရုံးများ ၏ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ပြည်ထောင်စုတရားသူကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ