သတင်းများ

မုဒုံမြို့နယ်တရားရုံးသစ် (၂)ထပ် အာရ်စီစီဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် မုဒုံမြို့နယ်တရားရုံးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

မော်လမြိုင် ဒီဇင်ဘာ ၂၁

          ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊  ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဖြစ်သော လမ်းပန်ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဒေါ်မင်းသီတာဝေတို့နှင့်အတူ မုဒုံမြို့နယ်တရားရုံးသို့ ယနေ့ နံနက်(၀၉:၀၀)အချိန်တွင် မုဒုံမြို့နယ်တရားရုံးသစ် ()ထပ် အာရ်စီစီ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု့ စစ်ဆေးရာ မုဒုံမြို့နယ်တရားသူကြီးဒေါ်အိအိဖြိုးဇော်၊ Mawlamyine King ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးထက်လင်းထွေးနှင့် အင်ဂျင်နီယာဦးညဏ်ထက်ဦးတို့မှ ကြိုဆိုခဲ့ကြပြီး မန်နေးဂျင်းဒါရိုက်တာဦးထက်လင်းထွေးမှ မုဒုံမြို့နယ်တရားရုံး တည်ဆောက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မုဒုံမြို့နယ်တရားရုံးသို့ သွားရောက်ရာ မြို့နယ်တရားသူကြီးဒေါ်အိအိဖြိုးဇော်၊ တွဲဖက်မြို့နယ်တရားသူကြီး        ဒေါ်တင်မာလာအောင်နှင့် တရားရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး  မြို့နယ်တရားသူကြီး ဒေါ်အိအိဖြိုးဇော်မှ မုဒုံမြို့နယ်တရားရုံး၏ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ